သရပါတံခါး(Tharaba Gate)
သရပါတံခါး သရပါတံခါးကို ခရစ် (၉)ရာစုတွင် ပျဉ်ပြားမင်း အေဒီ (၈၄၆-၈၇၈ )တွင် တည်ဆောက်ခဲ့သည်။ ပျဉ်ပြားမင်းသည် ခရစ်(၈၄၉)တွင် ပုဂံမြို့ကို တည်ရာ၌ ပုဂံကျုံးမြို့ရိုး လေးမျက်နှာ ပတ်လည် တွင် တံခါး(၁၂)ရပ် ပါရှိခဲ့သည်။ ထိုတံခါး (၁၂)ရပ် အနက် အရှေ့မျက်နှာ အလယ်ဗဟိုတံခါး ဖြစ်သည့် သရပါတံခါး တစ်ခုသာ ထင်ထင်ရှားရှား ကျန်ရစ်တော့သည်။ သရပါ ဟူသော အမည်သည် မြားကို ဆီးကာသော တံခါး ဟု အဓိပ္ပာယ်ရသည်။ သရပါ တံခါး၏ ဘေးတစ်ဘက်တစ်ချက်တွင် မဟာဂီရိ နတ်မောင်နှမ (လက်ဝဲမောင်တော် နတ်ရုပ်၊ လက်ယာ နှမတော်နတ်ရုပ်) တို့၏ နတ်ကွန်း များရှိသည်။ ပုဂံရာဇဝင် သရပါတံခါးတွင် ငတပါသင်နတ် စောင့်ရသည်ဟု အဆိုရှိသော်လည်း နှောင်းလူတို့သည် သရပါတံခါး၌ မင်းမဟာဂီရိ နတ်မောင်နှမ၏ နတ်ကွန်းဂူ နှစ်ခုကို ပြုလုပ်ထားကြသည်။ သရပါတံခါးသည် အနော်ရထာမင်းကြီး နတ်ရွာစံ ကံတော်ကုန်ခန်းမှုနှင့်လည်းဆက်စပ်မှုရှိသည်။ အနော်ရထာမင်းကြီးသည် လယ်တွင်းကိုးခရိုင်၌ ဆည်မြောင်း ကန်ချောင်းတို့တူးဖော်လျက် ယာယီတဲနန်းတွင် စံနေစဉ် ဟူးရားဖြူဟူးရားညိုတို့က ဘုရင်မင်းကြီးအား ပုဂံပြန်မရောက်ခင် နတ်ရွာစံကိန်းရှိသည်ဟု နားတော်လျှောက်ကြသည်။ အနော်ရထာမင်းကြီးသည် ရာဇမာန်ရှပြီး ဟူးရားဖြူ၊ဟူးရာ...