စိမ်းညက်ညီအမဘုရား ===================
စိမ်းညက်ညီအမဘုရား =================== ပုဂံမှာဓမ္မရံကြီးပြီးရင် ဒုတိယမြောက်အထူးခြားဆုံးဘုရား။ ထူးခြားဆန်းကြယ်အဖြစ်အပျက်တွေလည်း အတော်များများရှိတယ်ဆိုတဲ့ဘုရား။ ဒီဘုရားတည်ရှိနေတာကတော့ မြင်းကပါရွာအကျော် ပုဂံမြို့သစ်မရောက်ခင်ကလမ်းမကြီးရဲ့အရှေ့ဘက် ကုန်းလေးပေါ်။ ဒီဘုရားဘွဲ့တော်က ဆန်းကြယ်ပါတယ်။ စိမ်းညက်ညီအမလို့ခေါ်ဆိုကြပါတယ်။ ဘာလို့စိမ်းညက်ညီအမခေါ်လဲ...... အစဥ်အလာအားဖြင့် ၁၁ရာစုက စိမ်းညက်မိဖုရားညီအမ တည်ထားတယ်လို့ပြောတဲ့ပါးစပ်ပြောရာဇဝင်သာရှိပါတယ်။ အနောက်ကဂူဘုရားကို အစ်မတည်ထားပြီး အရှေ့ပုထိုးကို ညီမတည်ထားတယ်လို့ အစဥ်အဆက်ပြောကြပါတယ်။ နောက်တစ်ခုကတော့ စိမ်းညက်မင်းသားက ဘုရား၂ဆူအတူတည်ထားလို့ ညီအမဘုရားလို့သတ်မှတ်ခေါ်ဆိုပြီး ရှေ့မှာ ဘုရားတည်သူ စိမ်းညက်မင်းသားအမည် စိမ်းညက်ဆိုတဲ့အမည်တပ်ခေါ်ဆိုကြသလားလဲယူဆရပါတယ်။ကျောက်စာအထောက်အထားမရှိ၍ တပ်အပ်မပြောနိုင်ပါ။ဘုရားနဲ့ပတ်သက်လို့ တိကျတဲ့သမိုင်းအထောက်အထားမတွေ့ရှိရပါ။ ပုဂံရာဇဝင်မှာ စိမ်းညက်ဆိုတဲ့အမည်တစ်ခုပါကြောင်းကိုတော့ မှန်နန်းရာဇဝင်မှာတွေ့ရပါတယ်။ "ရှင်အရဟံပရိနိဗ္ဗာန်ပြုတော်မူလျှင်ရှင်အရဟံအရာကို စိမ်းညက်မင်း သားတော် မဟာထေရ်ကိုပေး၍သာသနာပြုရ၏"လိ...
Comments
Post a Comment